snownainglinoo blogကိုလာလည်သူမိတ်ဆွေအားလုံးကိုလှူိက်လှဲစွားကြိုဆိုပါတယ်ခင်ဗျာ

วันพฤหัสบดีที่ 30 มิถุนายน พ.ศ. 2554

ပြန်လာခဲ့ပါချစ်သူရယ်

     လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ကျော်က ဂျီတော့ မြို့ပြနိုင်ငံတော်ကြီးမှာ မှော်ပညာတွေခေတ်စားနေချိန်မှာပေါ့။ ဒီနိုင်ငံကြီးက ပညာရှင်တွေဟာ မှော်ပညာနဲ့ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ကြတာပေါ့ကွယ်။ ဒီမှော်ပညာရှင်တွေထဲမှာ ရုပ်ရည် လွန်စွာ ချောမောလှပတဲ့ မသဲဥဆိုတဲ့ မှော်ဆရာမလေးတစ်ယောက်ရှိလေသတဲ့။ သူမဟာ မှော်ပညာမှာ တင်တစ်ဖက်ကမ်းခတ်တက်မြောက်ရုံတင်မဟုတ်ဘူး အရမ်းပဲလည်း
ချစ်စရာကောင်းလေသတဲ့။
                             မှော်ဆရာမလေး မသဲဥဟာ အရမ်းစွမ်းတဲ့ သူ့ပညာတွေ ကြောင့်ပြိုင်တဲ့လူတိုင်းကိုအနိုင်ရလေတယ်။ မသဲဥလေးဟာပြိုင်ဘက်ကင်း လာတာနဲ့အမျှဒီမြို့မှာနေရတာ ပျင်းလာတာပေါ့။ ဒါနဲ့သူမဟာမြို့စွန်တနေရာ ကိုလမ်းလျှောက်ထွက်ခဲ့လေတယ်။ တစ်နေရာအရောက်မှာအတွေးတစ်ခုက သူ့ခေါင်းထဲဝင်လာပါလေရော။ အဲဒါဘာလည်းဆိုတော့ သူ့ရှေ့မှာရှိနေတဲ့ ကျောက်ရုပ်ကြီးကိုအပျင်းပြေစကားပြောဖို့ စီမံလေတော့သတဲ့။ ဒီလိုနဲ့သူမဟာ ကျောက်ရုပ်ကြီးကို
စကားပြောတက်အောင်မှော်ပညာနဲ့အသက်သွင်းပါလေရော။ သို့ပေမဲ့ကျောက်ရုပ်ကြီးခမျှာ စကားသာပြောလို့ရပြီး လှုပ်ရှားလို့မရလေဘူးတဲ့ကွယ်။ မှော်ဆရာမလေးကလည်း ကျောက်ရုပ်ကြီးနဲ့နေ့တိုင်းစကားလာပြောလေသတဲ့။ စကားတွေပြောပြီး သူမအိမ်ပြန်သွားတဲ့အခါမှာကျောက်ရုပ်ကြီးမှာ စကားပြန်ပြောလို့ မရတော့ပြန်ဘူးတဲ့။
                                မှော်ဆရာမလေးဟာကျောက်ရုပ်ကြီးနဲ့ နေ့တိုင်းစကားတွေ ဖောင်ဖွဲ့နေခဲ့သလို ကျောက်ရုပ်ကြီးခမျာမှာလည်း နေတိုင်းမျှော်နေတော့တာပေါ့။ ဒီလိုနဲ့တနေ့မှာ မှော်ဆရာမလေးက ကျောက်ရုပ်ကြီးကို စကားတစ်ခွန်းပြောလေတယ်။
"ငါမနက်ဖြန်ကစပြီး မင်းဆီမလာတော့ဘူး။ ဒါပေမဲ့ မင်းငါ့ကိုတွေ့ချင်ရင် ကဗျာတစ်ပုဒ် ကောင်းကောင်းစပ်ပြီး ရွတ်နေ၊ ဒီလိုမင်းရွတ်နေတဲ့ ကဗျာကိုအဝေးကနေငါကြားနိုင်သလို ငါကြိုက်တဲ့ ကဗျာဖြစ်ရင် မင်းဆီကိုငါပြန်လာခဲ့မယ်" ပြောပြီးထွက်သွားလေတော့သတဲ့။
                               ဒီလိုနဲ့ကျောက်ရုပ်ကြီးခမျှာမှာလည်း မှော်ဆရာမလေးကိုနေတိုင်း မျှော်နေရင်းနဲ့ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ရွတ်နေတာပေါ့ကွယ်။ သို့ပါသော်လည်း အချိန်တွေသာကုန် ရာသီတွေအလီလီပြောင်းလဲခဲ့ပေမဲ့ မှော်ဆရာမလေးကိုတော့ မတွေ့ရတော့ဘူးတဲ့။ ကျောက်ရုပ်ကြီးကလည်း  နေ့တိုင်းကဗျာတွေတစ်ပုဒ်ပြီး တစ်ပုဒ်စပ်ပြီး ဒီကနေ့အထိမျှော်နေတော့တာပေါ့ကွယ်။
                                ပုံပြင်လေးကတော့ဒီမျှပါပဲကွယ်။ ဒါပေမဲ့ကျောက်ရုပ်ကြီးရွတ်ခဲ့တဲ့ ကဗျာတွေထဲကတစ်ပုဒ်ကို ကျွန်တော်ဒီနေ့အထိမှတ်မိနေသေးတယ်ဗျာ။ ကဗျာနာမည်ကတော့ ပြန်လာခဲ့ပါချစ်သူရယ်ဆိုတဲ့ ကဗျာလေးပါ။ ကျွန်တော်မှတ်မိသလောက်ရွတ်ပြမယ်နော်။ နားထောင်ကြည့်ပါဗျာ..................
    သူ့ကိုလွမ်းသည် ဒါပေမဲ့သူကျွန်တော့်ကိုမလွမ်းပါ
                                                 သူ့ကိုသတိရသည် ဒါပေမဲ့သူကျွန်တော့်ကိုသတိရမရပါ
                                                 သူ့ကိုချစ်သည် ဒါပေမဲ့သူကျွန်တော့်ကို..................ပါ။

วันพุธที่ 29 มิถุนายน พ.ศ. 2554

အပျင်းပြေဖက်ဖို့

ခုတလော ကျမ ဟာသတွေပဲ ဖတ်ချင်နေတယ်။ သဘာဝကျကျ မကျကျ ဟာသ ဆိုပြီးရော ဖတ်နေမိတာ။ တနေ့ကလည်း အကြည်တော်ရဲ့ အရောင်းထိုင်းခယ်မ ဆိုလား ဘာဆိုလား ဖတ်ပြီး တယောက်ထဲ တခွိခွိရယ်နေလို့ အိမ်က ဂေါက်များ သွားလေရော့သလား တစေ့တစောင်း အကဲခတ်နေကြသေး။ အကြည်တော် ကလည်း လူတယောက်ရဲ့ ရုပ်ဆိုးချက်ကို ပြောင်မြောက်တဲ့စကားလုံးတွေသုံးပြီး ဖွဲ့လည်း ဖွဲ့တတ်ပါပေ့။ နဖူး ဆံစကနေ လည်ပင်းထိ တထွာသာသာလေးကို ရေးဖွဲ့ထားလိုက်ပုံများ စာနှစ်မျက်နှာ ကုန်တယ်။ အဲဒီလောက်ထိ စကားလုံး ကြွယ်ဝတာ။ ဘာပဲဖြစ်ဖြစ် ဟာသတွေ ဖတ်နေရတာ စိတ်လက်ပေါ့ပါး လန်းဆန်း တယ်။ ဟာသရသဆိုတာ ဟဒယနှလုံး ကိုရွှင်ပြုံးစေသော ဆေးတခွက်ပေပဲ။
ပျင်းရိဖွယ် ရှည်လျားလှသော နွေရာသီတခု၏ နံနက်ခင်းသည် သူ့ဘ၀ထဲသို့ ဖျင်အင်္ကျီလေး ရောက်လာခြင်း၏ နိဒါန်းဟု ဆိုရပေမည်။ ထိုနေ့ နံနက်က အညာမှ ဆွေမျိုးတစု သူတို့အိမ်ကို အလည်အပတ် ရောက်လာကြသည်။ ပဲကလေး နှမ်းကလေး၊ အညာအစားအစာများနှင့်အတူ ဖျင်စလေး နှစ်စ အမေ့ကို လက်ဆောင်ပေးသည်။ ချည်ထည် အ၀တ်အစားများ နှစ်ခြိုက်တတ်သော သူ့အား အမေက ဒီဖျင်စလေး နှစ်စ ပြန်လည်ပေးခဲ့လေသည်။ မီးခိုး အပြာ အညို အဖြူ အကွက် သေးသေးလေးများ ရောယှက် ယက်လုပ်ထားသော အနံသေး ဖျင်ကြမ်းစ လေးကို ကြည့်ပြီး သူသဘောကျခဲ့မိ၏။

ဖျင်စလေးကို ဘယ်လို အင်္ကျီချုပ်ရမလဲဟု သူစဉ်းစားနေမိသည်။ နောက်ဆုံး အမေတို့ ချုပ်နေကျ အပ်ချုပ်သည်ကြီးဆီကို သွား၍ ဖျင်စလေး နှစ်စကို အဆင်ပြေသလို ကြည့်ချုပ်ပေးပါ ဟု အပ်ခဲ့လိုက်သည်။

အပ်ချုပ်သည်ကြီးဆီ အပ်လိုက်ပြီး နောက်ပိုင်း ဖျင်စလေးက သူ့ထံသို့ အင်္ကျီအဖြစ်ဖြင့် တော်တော်နှင့် ရောက်မလာခဲ့။ သူလဲ ကြာလာတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားပြန်လေသည်။ ဒီလိုနှင့် နွေကျောင်းပိတ်ရက်ရှည် ကုန်ဆုံးပြီး မိုးရာသီ အပြောင်း ကျောင်းတွေပြန်ဖွင့်သည့် ညနေခင်းတခုမှာ အပ်ချုပ်သည်ကြီးထံမှ ဖျင်အင်္ကျီလေး ချုပ်ပြီးပြီဟု ဖုန်းလာသည်။

အေးခဲသွားသောမျက်ရည်စက်များ.....

"ဟေး ... ဟိုမှာကြည့်စမ်း မြက်ခင်းပေါ်မှာ တလက်လက်နဲ့ စိန်ပွင့်လေးတွေ ကျနေတာပဲ ... နော် ..."

မနေ့ည ညဥ့်ဦးပိုင်းလောက်က ညစာစားဖို့ ထမင်းစားဆောင်ကို အသွား တဆောင်နဲ့ တဆောင်ကူးတဲ့ ကွန်ကရစ် လမ်းလေးရဲ့ နံဘေးက မြက်ခင်းကလေးမှာ မြက်ပင် တွေထက် တလက်လက် တောက်ပ နေတာကို မြင်တော့ ... တယောက်က အဲဒီလို ထအော်တယ်။

နောက်တယောက်ကတော့ ...
"အဲဒါ မိုးစက်တွေ နေမှာ" ... တဲ့ ။

အဖေပြောသောပုံပြင်

ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ခင်ဗျာ … ။
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက် အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ ဘီလူးမကြီးဟာ ဒီလုလင်ပျိုကို ကြည့်ပြီး ချစ်ကြိုက်မိတာနဲ့ သတ်မစားတော့ဘဲ သူ့ကိုယ်သူ နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းကလေးငယ် တယောက်အဖြစ် ဖန်ဆင်းကာ လုလင်ပျိုရှိရာ သွားခဲ့တယ်။

ဘုန်းကြီးပြောသောပုံပြင် (၁)

ကျမတို့ငယ်ငယ်ထဲက ကိုးကွယ်တဲ့ဘုန်းကြီးတပါးရှိပါတယ်။ အဲဒီဘုန်းကြီးကို အိမ်မှာ ဆွမ်းပင့်ကျွေးတိုင်း မှတ်သားစရာ စကားလေးတွေ ပြောလေ့ရှိတယ်။ တရားဟောသလို ရှည်ရှည်ဝေးဝေး ငြီးငွေ့ဖွယ်မဟုတ်ဘဲ ပုံပြင်ပြောသလိုပြောတတ်လို့ ကျမတို့ငယ်ငယ်ထဲက နားထောင်ပြီး စိတ်ထဲ စွဲနေအောင်မှတ်မိနေခဲ့တယ်။
အခုဘုန်းကြီးပြောတဲ့ ပုံပြင်ကတော့ ကျမကို ခဏခဏပြောလေ့ရှိတဲ့ ပုံပြင်ပါပဲ။ ကျမက စာရေးဝါသနာပါသူမို့ သူ့ပုံပြင်ကို ရေးစေချင်လို့ ခဏခဏ ပြောတာပါ။ သူဘယ်လောက်ပြောပြော ကျမကလဲ မရေးဖြစ်ပါဘူး။ ဒါပေမဲ့ ဒိုင်ယာရီထဲမှာတော့ တေးမှတ်ထားတယ်။ ကျမ ၈ တန်းနှစ်လောက်ထဲက ပြောခဲ့တာ ခုချိန်ထိပါပဲ။ ရေးပြီးပလား မေးတိုင်း ကျမက ရယ်ကျဲကျဲနဲ့ မရေးရသေးပါဘူးဘုရားလို့ ပဲ ပြန်လျှောက်ခဲ့ရတယ်။ အခုတော့ ကျမရေးပါပြီ။ ဒီပုံပြင်ကို သိတဲ့သူတွေလဲ သိမှာပါ …။ ဘာပဲဖြစ်ဖြစ် ... ဘုန်းကြီးကရေးဆိုလို့ ရေးလိုက်တယ်လို့သာ … မှတ်ယူကြပါတော့။
တခါတုန်းက မြို့ရွာနဲ့ မနီးမဝေး တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေစားလေ့ရှိပါတယ်။ ဒီ ထမလေစား (ထမင်းလုံးအလေအလွင့်ကိုစားသော)ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ်ဖြစ်လာပြီး … လူအဖြစ်ကို ဖန်ဆင်းပေးလိုက်သတဲ့။ (အဲဒီမှာ ရသေ့ကြီး စမှားတာပဲ)

သစ်ဆွေးတုံးလေးပုံပြင်

တခါတုန်းက လူရွယ်တယောက်ဟာ ရွက်လှေတစီးနဲ့ ပင်လယ်ဆီခရီး ထွက်ခဲ့ တယ်။ ပင်လယ်ဟာ လှိုင်းကြက်ခွပ်ကလေးတွေ တလက်လက်ထလို့ လှပ နေတာပဲ၊ လေညင်းနုနုကလည်း သူ့ရဲ့ရွက်ကို အားဖြည့်တဲ့အနေနဲ့ တသုန်သုန် တိုက်ခတ်လို့ …၊ ပင်လယ်ပျော် ငှက်ကလေးတွေလည်း ရွက်လှေအနီးအပါးမှာ တ၀ဲဝဲပျံသန်းလို့ …၊ ငါးကလေးတွေ ဖျံကလေးတွေကလည်း သူသွားရာနောက် တကောက်ကောက်လိုက်လို့။ သူဟာ ပြာလဲ့ကြည်စင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး လောကကြီးရဲ့အလှကို အပြည့်အ၀ခံစားရင်း တေးသီချင်းတွေ သီကျူးနေစဉ်မှာ ရွက်လှေကလေးကတော့ လေရဲ့သယ်ဆောင်ရာအတိုင်း တလွင့်လွင့် မျောလို့ နေလေရဲ့။

วันอังคารที่ 28 มิถุนายน พ.ศ. 2554

မူးတော့မူးတာပေါ့

အရက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေစဉ်

ပထမလူ - ငါညတုန်းက အိပ်မက် မက်တယ်ကွ။

ဒုတိယလူ - ဟေ ဒါ ဘာများထူးဆန်းလို့လဲ ... နေပါအုံး ဘာတွေမက်လို့လဲ

ပထမလူ - မင့် မိန်းမအကြောင်း မက်တာကွ

ဒုတိယလူ - ငါ့ မိန်းမက အိပ်မက်ထဲမှာ ဘာပြောလဲ။

ပထမလူ - ဘာမှ မပြောဘူးကွ

ဒုတိယလူ - ဒါဆို အဲဒါ ငါ့မိန်းမ မဟုတ်ဘူး ။

ကလေးလေးရေ

ဒါလေး ကြည့်မယ်ဆိုရင် ပါးစပ်စိထားနော်။ မရယ်နဲ့။ မပြုံးနဲ့။ မဟားနဲ့။ သတိပေးထားတယ်နော်။

Gtalk Account အမည်များ ဖျက်လိုခြင်း

အင်တာနက် ဆိုင်များ၌ ၎င်း၏ Gtalk Account သုံးစွဲရာတွင် Sign out လုပ်ပြီးချိန်တွင် Gtalk Account အမည်များ ကျန်ရှိနေခဲ့သည်ကို မလိုလားကြောင်း ဖျက်လိုရနိုင်ပါက ဖျက်ရမည့်နည်းလမ်းကို သိလိုကြောင်း မေးမြန်းလေသည်။

ကျွန်ုပ်သည်လည်း ဖျက်ရမည် နည်းလမ်းရှိကြောင်း၊ သေချာမှတ်သားသွားရန် မှာကြားပြီး အောက်ပါ အတိုင်း ပြုလုပ်ရန် သင်ပြလိုက်လေသည်။၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

အထက်ပါအတိုင်းပြုလုပ်ရင် Gtalk Account အမည်များ ပျက်သွားပါလိမ်းမယ်

File type error များအတွက် ( Windows Vista )

ဒါက XP မှာ ဖြစ်လေ့ဖြစ်ထတော့ မရှိဘူး။ Vista မှာပဲ ဖြစ်တတ်တာ။ ကျနော် ကြုံဘူးတာ နှစ်ယောက်ရှိပြီပေါ့။ ဖြစ်လိုက်တိုင်းလဲ exe ဖိုင် error ပဲ ဖြစ်တာပါ။ နှစ်ယောက်စလုံးလဲ Adobe installer တစ်ခု run မိသွားပြီးဖြစ်တာ။ တစ်ယောက်က Adobe Flash player ၊ နောက်တစ်ယောက်က Adobe Reader Install လုပ်ပြီး ဖြစ်တာပါ။ စက်ထဲ ရှိသမျှ exe ဖိုင်တွေက ပုံမှန်အတိုင်း ပွင့်မလာတော့ဘူး။ exe ဖိုင်ဆိုမှတော့ ဆော့ဝဲအားလုံးအကုန်ပဲပေါ့။ ဘာပဲဖွင့်လိုက် ဖွင့်လိုက် Windows Media Center ပဲ ပွင့်လာတယ်။ ဘာ error fix program မှ သုံးမရတော့ဘူးလေ။ task manager နဲ့ Registry Editor တောင် ဖွင့်မရတော့ဘူး။ အောက်က reg ဖိုင်လေး တစ်ခု ကို ပြန်ပြီး Double click နှိပ်ပေးလိုက်ရုံပါပဲ။ Vista မှာ ခဏခဏ ဖြစ်တတ်တာမို့တင်ပေးတာပါ။ အခု ကျနော်ပြောခဲ့တာက exe ဖိုင် ဖြစ်တာပါ။ အောက်မှာ file type အားလုံးအတွက် ပေးထားပါတယ်။ မိမိဖြစ်တဲ့ error file type ကို ရွေးပြီးဒေါင်းလိုက်။ ဇစ်ဖြည်ပြီး reg ဖိုင်လေးကို Double click နှိပ်ပေးလိုက်။ ဒါပါပဲ …. (တစ်ခြို့လူတွေအတွက် တော့ ကြိုဒေါင်းထားတာ ပိုကောင်းပါတယ်။ မိမိလိုတဲ့အချိန်မှာ ဒေါင်းမရတာတစ်ခုခုဖြစ်နေမှာစိုးလို့ပါ။ file type တစ်ခုအတွက်မှ Bytes 600 ကျော်လေးရယ်ပါ။)
(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်း သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။ တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ် ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။ ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင် ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊ စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့ တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင် သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ ကောင်းပါတယ်။

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတစ်ပါးနောက်ကွယ်မှာ သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။ မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့် မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့် အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။ ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ် အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့ ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။ ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့ အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။
ချစ်ဖို့မလောနဲ့ အချိန်ပေးပါ

ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။ အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။

အကြံ(၁)

pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ

ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။ ဒါကြောင့် "အချစ်မှာမျက်စိမရှိ"ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။

ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။ အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊ သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့် အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့ ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင် လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။

အကြံ (၂)

သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့

ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။ တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့ ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။ ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ "ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်"နဲ့ ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်။ သူ့ကို ကိုယ်တကယ်ချစ်သလား?

တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။ သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။ ထမင်းစားပြီးနောက် သူကမျက်ရိပ်နဲ့ ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမျိုးကို နှစ်သက်တာကြောင့် သူ့စိတ်ကြိုက် ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ်။ ဒါနဲ့တင် သူကမကျေနပ်ခဲ့ဘူး။ အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။ ခရီးတစ်လျှောက် တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွံ့ ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့ စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။ သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အပြင် သူ့ကိုကျွန်မကြည့်လည်း မကြည့်ချင်ခဲ့တော့ဘူး။

အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း ကျွန်မသိလိုက်ရတယ်။ "ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။ ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်" ဆိုသလိုမျိုး သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင် သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါတယ်။

အကြံ (၃)

အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်

အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ မတော်တဆတွေနဲ့လည်း ကြုံရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ် ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန် အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။

မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကို ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့ ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။

တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ၊ အရာအားလုံးပြီးငြိမ်းမှ "အဆင်ပြေလား?"ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့ ချစ်ရတာမထိုက်တန်ပါဘူး။

အကြံ (၄)

ပြောင်းလဲဖို့ အချိန်ပေးပါ

အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့ သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင် သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။ အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။ အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊ လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။ သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့ အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေ မပြတ်ရှိခဲ့တယ်ဆိုပေမယ့် အမေမတုန်လှုပ်ခဲ့ဘူး။ အမေအတွက် တဘက်သားရဲ့အချစ်ကို နားလည်ဖို့ သူ့တစ်သက်အချိန်ယူခဲ့ရတယ်။

ညဏ်လင်းအောင်

ညဏ်လင်းအောင်

วันจันทร์ที่ 27 มิถุนายน พ.ศ. 2554

စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်လိုက်ပါ...

ဟာသအတိုအစလေးများ....

.......... ရွဲ့တာလား..........
စာတိုက်ကောင်တာစာရေးက အမျိုးသမီးကြီးအား "" ဒီစာအိတ်ပေါ်မှာ နောက်ထပ်တံဆိပ်ခေါင်းတစ်လုံး ထပ်ကပ်လိုက်ပါဦး
စာအိတ်က သိပ်လေးနေလို့ပါ"" သည်တော့ အမျိုးသမီးကြီးက "" အဲလိုဆို စာအိတ်က ပေါ့သွားရောလား"" ဟု မေးလိုက်၏။

............လူကွဲတယ်လေ...........
ငယ်ရွယ်သော မီးယပ်ရောဂါကု ဆရာဝန်လေးက စမ်းသပ် စစ်ဆေးနိုင်ရန် အ၀တ်အစားတွေကို ချွတ်ပစ်ဖို့ အလွန်ချောမောလှပသော
မိန်းမပျိုလေးအား ပြောလိုက်၏။ မိန်းမပျိုလေး အလွန်အမင်း ရှက်သွား၏။ ထို့ကြောင့် ဆရာဝန်လေးက အရှက်ပြေသွားစေရန်
ခပ်ရွှင်ရွှင်လေး မေး၏။
"" ဘာလဲ၊ အရင်က တစ်ခါမှ အစမ်းသပ်မခံခဲ့ဖူးဘူးလား "" "" အို- အစမ်းခံဖူးတာပေါ့၊ တကယ်ပါ၊ ဒါပေမယ့် ဆရာဝန်နဲ့တော့ မဟုတ်ဘူး""

............အတူတူထင်လို့.............
ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
လူနာ - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့် အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
လူနာ- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။

..............မရှိတာက.............
"" ကဲ- မိန်းမက ခင်ဗျားကို ပစ်သွားပြီဆိုရင်လည်း အိမ်ပြန်ပြီး ၀မ်းနည်း ကြေကွဲရမှာကို အရက်ထဲ နှစ်လိုက်ပါလား"" ဟု
အဖေါ်တွေက အကြံပေး၏။
"" ဖြစ်နိုင်မယ် မထင်ပါဘူး "" ဟု ကိုကျန်ရစ်က ပြော၏။ "" ဘာဖြစ်လို့လဲ၊ အရက်မရှိလို့လား ""
"" အို- မဟုတ်ပါဘူး၊ အရက်ထဲနစ်ဖို့ ၀မ်းနည်းကြေကွဲစရာ မရှိလို့ပါ ""

..............မငြင်းပါဘူး...........
"" ဂျွန်... ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်က ဘယ်လိုရှိလဲကွ "" ဟု ဆရာက မေးလိုက်သည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးပါ ဆရာ.."" ဟု ဂျွန်က ပြန်ဖြေသည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးဆိုတာ မင်းဘယ်လိုသိလဲ.."" ဆရာက ဆက်မေးသည်။
ဂျွန် ဇဝေဇ၀ါဖြစ်သွားပြီး "" ကောင်းပါပြီ..ကမ္ဘာကြီးက လေးထောင့်ကြီးဆိုရင်လည်း ကျွန်တော်မငြင်းလိုပါဘူး..ဆရာ "" ဟု
ပြန်ဖြေလိုက်လေသည်။

................နှုတ်ဦးသူ...............
မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏ သူငယ်ချင်းက "" အေး- ငါထင်တယ်၊
လက်ထက်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း တခါတခါကျတော့ သူ့အရင်မိန်းမအကြောင်းပြောမှာေ
ပါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး"" ""ဘာကြောင့်ပါလိမ့် "" "" သူပြောမယ်ကြံတိုင်း ငါက ငါယူမယ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ ""

...............စေတနာ ဝေဒနာဖြစ်............
လူနာ အမျိုးသမီးအနေဖြင့် သူမ ခွဲစိတ်ခံရဖို့ နီးကပ်နေပြီ ဆိုသည့် စိုးရိမ်စိတ်ပျောက်သွားစေရန် ဆရာဝန်က ကြိုးစားပြီး အာရုံလွှဲဖို့ စကားတွေပြောနေသည်။
ဆရာဝန်- "" ကျွန်တော့်သမီး မင်္ဂလာဆောင်ဖို့ နီးနေပြီလေ၊ သားကိုလည်း အလွတ်ပညာသင်ကျောင်းပို့ဖို့ ငွေတွေကုန်ရဦးမယ် ""
ဆရာဝန်က ထိုသို့ပြောပြီး မပြန်ခင်လေးမှာ ဆက်ပြောလိုက်သည်။ "" အေးဗျာ၊ ခင်ဗျားကို နက်ဖြန် ခွဲစိတ်ခန်းထဲမှာ တွေ့မယ်လေ၊
ဒါ့ထက် ခင်ဗျားကရော ဘာများမေးချင်သေးလဲ ""
သည်တော့ လူနာအမျိုးသမီးက "" တစ်ခုပဲ ဒေါက်တာ၊ ကျွန်မက ဒေါက်တာ့ သမီး မင်္ဂလာဆောင်ဖိုး ပေးရမှာလား၊
ဒါမှမဟုတ် ဒေါက်တာ့ သား ပညာသင်စရိတ်ပေးရမှာလား ""

..............လိမ်ညာသူ သူ့အပြစ်............
ယောက်ျား - "" ဟိုကောင်မ၊ ငါ့မိန်းမလေ၊ မိန်းမညာကွ ""
သူငယ်ချင်း - "" မင်းဘယ်လိုလုပ် သိလဲ ""
ယောက်ျား- "" ဘယ်လိုလုပ်သိလဲ ဆိုတော့ သူက ပြောတယ်လေ သူ "ယူရှာ" နဲ့ ညက အိပ်ခဲ့တယ် ""
သူငယ်ချင်း - "" အဲဒီတော့..""
ယောက်ျား - "" ဟ- ငါက အဲဒီ"ယူရှာ"ဆိုတဲ့ ကောင်မနဲ့ တစ်ညလုံးရှိနေတာလေကွာ..""

..............ခွကျတဲ့ ဖေါ်ရွေမှု............
အလုန်ကျယ်လောင် ပြင်းထန်သော တံခါးခေါက်သံကြောင့် အိမ်ရှင်က တံခါးဖွင့်ပေးလိုက်၏၊
တံခါးရှေ့မှာ လုံးဝ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"" ဘယ်သူများပါလိမ့် ခင်ဗျား ""
"" ရဲပါ ""
"" အို- ရဲလား ခင်ဗျားက၊ ယူနီဖေါင်း ၀တ်မထားပဲကိုး ""
"" မှန်ပါတယ်၊ ကျွန်တော်က စီအိုင်ဒီပါ ""
"" အော်.. သိပြီ..သိပြီ.၊ အိမ်ထဲဝင်ပါဦး ဦးစစ် ""
( CID- စစ်)

..............ကြက်သား............
ဘီလ်သည် စားသောက်ဆိုင်တွင် ထမင်း ဟင်းများ မှာယူစားသောက်ပြီးချိန်တွင် စားပွဲထိုးအား မေးလိုက်၏၊
ဘီလ်- ""မင်းတို့ ကြက်သားဟင်းက အရိုးပဲ ရှိသလား ""
စားပွဲထိုး -"" ဆရာက အမွေးပါ လိုချင်တာလား ""

ဓာတ်ပုံဖိုင်များမှ ဆိုက်ဘာ တိုက်ခိုက်ခြင်း မခံရအောင်

ကွန်ပျူတာ ဒစ်ဂျစ်တယ်ဓာတ်ပုံများဖြစ်တဲ့ JPEG (jpg) ဖိုင်ဟာ အသုံးများဆုံးဖြစ် ပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတွေမှာလည်း အထွက်ဓာတ်ပုံဖိုင်အဖြစ် JPG ဖိုင်ကိုသာ ထုတ်ပေးကြပါတယ်။ ဒါကြောင့် သတင်းဓာတ်ပုံ၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံစသည်ဖြင့် အသုံးများတာမို့ ဆိုက်ဘာချိုးဖောက်ဖို့အတွက် Hacker တွေ နှစ်ခြိုက်စရာဖြစ်လာပါတယ်။

သာမန်ကွန်ပျူတာအသုံးပြုတတ်သူတွေသာမက ကွန်ပျူတာကျွမ်းကျင်သူများအထိ ဒစ်ဂျစ်တယ်ဓာတ်ပုံဖိုင်တွေမှာ ကွန်ပျူတာ ဗိုင်းရပ်စ်ပါဝင်နိုင်တယ်ဆိုရင် ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒစ်ဂျစ်တယ်ဓာတ်ပုံဖိုင်ဟာ Executive ဖိုင်လို့ ခေါ်တဲ့ Extension (.exe, .com, .msi) စတဲ့ ဖိုင်အမျိုးအစား မဟုတ်ဘဲ Extension (.jpg) ဖိုင်အမျိုးအစားဖြစ်နေလို့ ကွန်ပျူတာမှာ ပရိုဂရမ် တစ်ခုအဖြစ် Run လို့ မရဘူးထင်နေတာပါ။

JPG ဓာတ်ပုံဖိုင်တွေကို Hex Editor တွေနဲ့ ဖွင့်ကြည့်မယ်ဆိုရင် ဖိုင်ရဲ့ အစမှာ Hex Value FFD8 နဲ့ စပြီး အဆုံးမှာ FFD9 နဲ့ ပိတ် ပါတယ်။ ဒါကြောင့် ဖိုင်ရဲ့ အဆုံးမှာ Shellcode သွတ်သွင်းပြီး GDIplus ရဲ့ ဟာကွက်ကနေ ၀င်ရောက် တိုက်ခိုက်ကြတာဖြစ်ပါတယ်။

GDIplus ဆိုတာ Graphical Device Interface လို့ခေါ်တဲ့ ကွန်ပျူတာမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ စာသားတွေကို ဖော်ပြနိုင်အောင် ပရိုဂရမ်ရေးနိုင်တဲ့ Application Programable Interface(API) တစ်ခုဖြစ်ပါတယ်။

ဝင်းဒိုး စက်လည်ပတ်မှုစနစ်သုံး ကွန်ပျူတာတွေမှာ GDIplus ပါဝင်တဲ့အပြင် Graphic နဲ့ ပတ်သက်ပြီး အသုံးများတဲ့ Adobe Photoshop စတဲ့ ဆော့ဖ်ဝဲတွေမှာလည်း ပါဝင်ပါတယ်။

GDIplus Version အမျိုးအစားမူကွဲ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ မိမိကွန်ပျူတာမှာ ချိုးဖောက်နိုင်တဲ့ GDIplus ဖိုင်တွေကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

အင်တာနက်လိပ်စာ http://isc.sans.org/gdiscan.php မှာ GDI Scan ကို လိုင်စင်အခမဲ့ ရယူနိုင်ပါတယ်။ GDI Scan Tool ဟာ ချိုးဖောက်နိုင်တဲ့ GDIplus DLL ဖိုင်တွေကို ဖော်ပြပေးနိုင်ရုံသာမက GDIplus ရဲ့ တွဲဖက်ဖိုင်တွေဖြစ်တဲ့ sxs.dll, wsxs.dll နဲ့ mso.dll ဖိုင်တွေကိုလည်း ရှာဖွေဖော်ထုတ်ပေးပါတယ်။

GDI Scan နဲ့ ရှာတဲ့အခါ ဆော့ဖ်ဝဲတစ်ခုမှာ Vulnerable Version လို့ ဖော်ပြနေရင် ဖော်ပြခံရတဲ့ ဆော့ဖ်ဝဲကို ထုတ်ပစ်ပြီး ယခု လက်ရှိထက် အဆင့်မြင့်တဲ့ Version ကို အသုံးပြုသင့်ပါတယ်။

ဒါ့ပြင် မိုက်ခရိုဆော့ဖ်ရဲ့ Security update တစ်ခုဖြစ်တဲ့ MS04-28 ကိုလည်း updateလုပ်ရမှာဖြစ်ပါတယ်။

အင်တာနက် လိပ်စာ http://www.microsoft.com/technet/security/bulletin/ms04-028.mspx မှာ ရယူနိုင်ပါတယ်။ ဒါကြောင့် မိမိကွန်ပျူတာမှာ ချိုးဖောက်နိုင်တဲ့ GDIplus ကို ရှာဖွေပြီး လိုအပ်မယ့် Security update တွေကို လုပ်သင့်ပါတယ်။

မှတ်ချက်။ ။မြန်မာတိုင်းဂျာနယ်မှကိုဖိုးဝလုံး၏ရေးသားချက်ကိုတဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

သင် သိသင့်သော လူတစ်ယောက်အကြောင်း

ဗိုလ်ချုပ်ကိုယ်ရေးဖိုင်
ဗိုလ်ချုပ်ပုံသဏ္ဍန်
နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်း
မှတ်တမ်းတင်ထားချက် အမှတ်(၅)
ထုတ်ပြန်သောနေ့စွဲ ၁ရက်၊ဇန်န၀ါရီလ၊၁၉၄၁ ခုနှစ်၊
အပိုင်း(၁) ဖြစ်ပါသည်။

ကျွန်တော် ခုတလောဖတ်ဖြစ်နေတဲ့ စာအုပ်က ပိတောက်ပွင့်သစ်မဂ္စဇင်း အယ်ဒီတာ မောင်စိမ်းနီ စုစည်းထုတ်ဝေတဲ့ စာရေးဆရာ ကိုအောင်ဆန်းဆိုတဲ့ စာအုပ်ပါ။
မြန်မာ့သမိုင်းမှာ ချန်ထားလို့မရတဲ့ မေ့ထားခဲ့လို့မရတဲ့ ပုဂ္စိုလ်တစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဖခင်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြည့်ပြည့်စုံစုံရေးသားစုဆောင်းထားတဲ့ ရှားပါးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။
စာပေနဲ့ မဝေးတဲ့ သူငယ်ချင်းများကတော့ သိကြမှာဖြစ်ပေမယ့် စာအုပ်နဲ့ ဝေးနေကြရတဲ့ မိတ်ဆွေများအတွက်
ကြောင်ငြာပေးရခြင်းဖြစ်ပါတယ်။သမိုင်းဝင်ဓာတ်ပုံပေါင်းများစွာ ၊ ဗိုလ်ချုပ်ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ၊ ဗိုလ်ချုပ်နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသော ပုဂ¾ိုလ်များရဲ့ ဆောင်းပါးများ ဗိုလ်ချုပ်၏ မိန့်ခွန်းများ အစုံအလင်ပါဝင်သော သမိုင်းဝင်မည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
သူငယ်ချင်းများ နှင့် နောင်လာနောက်သားများအနေဖြင့် ဗိုလ်ချုပ်အကြောင်း အသေအချာ မသိဖြစ်ရခြင်းမှ ကင်းဝေးစေလိုသော စေတနာဖြင့် ယခု ဗိုလ်ချုပ်၏ ကိုယ်ရေးအကျဉ်းကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
အဖအမည် နတ်မောက်မှ ရှေ့နေကြီး ဦးဖာ
အမိအမည် ဒေါ်စု
နေရပ် အမှတ် ၇၆၊ ရေကျော်လမ်း၊ ရန်ကုန်။
အလုပ်အကိုင် မရှိ
ပုံသဏ္ဍာန်များ
အရပ်အမြင့် ၅ ပေ ၅ လက်မ
ကိုယ်နေဟန် ပိန်သည်၊ကိုင်းသည်
ဆံပင် နက်၊ရှည်၊နောက်ဖြန်ဖြီး ဘယ်ခွဲ၊တစ်ခါတစ်ရံသာ သပ်သပ်ရပ်ရပ် ဖြီးထားသည်။
မျက်ခုံး သေးသွယ်သည်
မျက်လုံး ညိုပြီး ကျဉ်းသည်
အမြင် ကောင်းသည်
နဖူး မြင့်၊ကျုယ်၊နောက်ဘက်သို့ အနည်းငယ်ယိုင်သည်
နှာခေါင်း ဖြောင့်သည်၊နှာဝဖျားကျယ်သည်၊အတွင်းဘက်သို့နှာယောင်ကောက်သည်
ပါးစပ် စိစိပိတ်ထားသည်၊နှုတ်ခမ်းထော်သည်
သွားများ သန့်ရှင်းပြီး ပုံမှန်ဖြစ်သည်
လက်ချောင်းများ ရှည်ပြီး တွဲကျသည်
မျက်နှာ ဘဲဥပုံ မေးကျဉ်းသည်
အသားရောင် ဗမာတစ်ယောက်အတွက် မမည်း။မဖြူ၊သာမန်ဖြစ်သည်
နားရွက်များ ကြီးသည်၊ကားသည်၊နားထင်အသားများသည်
မုတ်ဆိတ် မရှိ
နှုတ်ခမ်းမွှေး မရှိ
ထူခြားချက်များ စကားပြောမြန်သည်၊ခေါင်းငုံကာ လမ်းမြန်မြန်လျောက်တတ်သည်၊
လုံချည်တိုတိုဝတ်သည်။
ဝတ်နေကျ ရိုးရိုးဗမာအ၀တ်၊တစ်ခါတစ်ရံ ဗလေဇာအင်္ကျီဝတ်သည်။
နတ်မောက်မြို့တွင် ၁၉၁၅ ခုနှစ်တွင်မွေးသည်။
၁၉၃၈ တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသသည်။တက္ကသိုလ်တွင် ဆူပူလှုပ်ရှားရာတွင် သူခေါင်းဆောင်ခဲ့သည်။၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်ကို သူစည်းရုံးခဲ့သည်။၁၉၃၆-၃၇ ခုနှစ်အတွက်
တက္ကသိုလ်သမဂ်ဂဒုတိယဥက္ကဌအဖြစ်ေ၇ွးမြောက်ခံရသည်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ်ဂအဖြစ်
လည်း ရွေးကောက်တင်မြောက်ခံရသည်။သည်တာဝန်များကို ထမ်းဆောင်နေစဉ် အင်္ဂလန်၊ဆွစ္စလန်၊နယ်သာလန်၊ဘယ်လ်ဂျီယံ၊ပြင်သစ် စသောနိုင်ငံများမှ ကျောင်သားများနှင့် အဆက်
အသွယ်ရခဲ့သည်။

သခင်အောင်ဆန်းတရား

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ မင့်သက်လှယ်ကို
အဘယ်တရား၊ဟောမည်နည်း။
ဆန်း၏သတ္တိ
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ် သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့် ပန်ဆင်တင့်သို့
မင့်သားသိစေချင်လှ၏။
သူ့အစွမ်းကား အခြားမဟုတ်
အအုပ်ချုပခံ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း ခရီးကြမ်းဝယ်
ဗန်းပြအလှ ပကာသနကို
ပြာကျလောင်မြိုက် သူမီးတိုက်၏။
ခေတ်လိုက်ခါညီ ခေတ်မီပညာ
ကြုံရာဘ၀ မုတလုံလောက်
ခံမြို့ဆောက်၏။
ထို့နောက်တဆင့် မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ သူ့အလံတည့်
ပျံတလူလူ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။
ဆရာဇော်ဂျီ
(လမ်းစဉ်သတင်း၊အတွဲ ၂ ၊အမှတ် ၁၄၊ ၁၅၊ ၇၊၁၉၆၆)

วันศุกร์ที่ 24 มิถุนายน พ.ศ. 2554

wyne su khine thein

ညဏ်လင်းအောင်

ညဏ်လင်းအောင်

ငါ့ရဲ့အချစ်

အလှမ်းကွာလွန်းတဲ့ နင့်နဲ့ငါ့အကြား ……..

ချစ်တယ် ဆိုတဲ့စကား ငါ မပြောရက်ခဲ့တာ။

တစ်နေရာစ်ီဝေးနေတဲ့ နင်နဲ့ငါ့အကြား ………..

လွမ်းတယ်ဆိုတဲ့စကား ငါ ပြောမထွက်ခဲ့တာ။

“မုန်းတယ်” လို့ နင်တစ်ခွန်းပြောတိုင်း

ငါ ပေါ့ပျက်ပျက်ရည်သွမ်းသွေး

ဘာကိုမှ အလေးမထားသွေးပျက်ခဲ့တာ

မရင့်ကျက်သေးဘူး” လို့ နင်တစ်ခွန်းပြောတိုင်း

ငါ ရူးမိုက်မိုက် ပုံစံနဲ့

ဘာကိုမှ ဂရုမစိုက်နောက်ဆုက်ပေးခဲ့တာ

နင်ငါ့ကို မချစ်ခဲ့ပါဘူး

ငါ့ရဲ့ နင့်အတွက် ချစ်ခြင်း

ရနံ့တစ်သင်းသင်းနဲ့

ရင်ဘတ် ပန်းတစ်ခင်းစာမက

မွှေးမြ ရှင်သန်နေခဲ့တာပါ။

နင့်ကိုငါ မလွမ်းလို့လည်း မဟုတ်ခဲ့ပါဘူး

ငါ့ရဲ့နင့်အတွက် လွမ်းခြင်း

ချည်နှောင်ခြင်း ကင်းကင်းနဲ့

ကောင်းကင်က လမင်း ပမာ

ထွန်းလင်း တောက်ပနေခဲ့တာပါ။

ငါချစ်တာကို လစ်လျှူရှူ

ငါလွမ်းတာကို နင်ဥပက္ခာပြုခဲ့တာ

တစ်စုံတစ်ရာအတွက်

နှလုံးသားကို လမ်းခင်း

ဟန်လုပ်ခြင်းတွေနဲ့ ပေါင်းသင်းခဲ့တာ

နင့်ကို မပင်ပန်းစေချင်လို့ပါ။

နားလည်ပေးလိုက်ပါတော့ ချစ်သူ

နှလုံးသွေးနဲ့ရေး ……….

ကဗျာနဲ့သာ ပေးဆပ်ခွင့်ရတဲ့ ငါ့ဘဝ

နင်နဲ့ကွာခြားလွန်းလှတာမို့

ရင်နာနာနဲ့ သာပြောလိုက်ပါရစေ

“မေ့လိုက်ပါတော့လေ”

g talk မှာ ဖြစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်တွင်း ခံစားချက်ကဗျာ

အဲ့ဒီနေ့မှာ ငါ့ရင်ဘတ်တစ်ခြမ်းဟာအမြဲတမ်းလောင်ကျွမ်း နိုင်လင်းဦး

Connection မကောင်းပါသဖြင့်
g-talk မ၀င်နိုင်ပါ
တယောက်မျက်နှာ တယောက်မမြင်ကြရဘဲ
ချစ်ခဲ့ကြတဲ့ ငါတို့ချစ်ခြင်းမှာ
မည်သည့်အရောင်မျှ ဆိုးမထားကြောင်း
ငါတို့သာ သိခဲ့ကြတယ်။
ညနေ ၄း၀၀ နာရီ
ကျောင်းဆင်းချိန်ရောက်ရင်
g-talk မှာ သူမနဲ့ စကားပြောရမှ
စိတ်ထဲမှာ နေပျော် စားပျော်
ဘာမှ မဟုတ်ပါဘူးဗျာ
အပျင်းပြေပါ
အီစီကလီလေးပါ
ဘယ်လိုဘဲပြောပြော
ရင်ထဲမှာ တကယ်ဖြစ်ခဲ့တာကို
ဒီကလူဘဲ သိတယ်
Online ပေါ်မှာ စခဲ့တာကို
Online ပေါ်မှာဘဲ အဆုံးသတ်ခဲ့ပါတဲ့
အပြောလွယ်သလောက် မေ့ဖို့ခက်တယ်
ယနေ့ . . .
Connection မကောင်းပါသဖြင့်
g-talk မ၀င်နိုင်ပါ ။ ။ နိုင်လင်းဦး

ငါ မင်းကို ချစ်ခဲ့တာ မေ့ပစ်ဖို့ မဟုတ်ဘူး

မေ့လိုက်တော့ ဟုတ်လား.....

သတိရ လွမ်းဆွတ်နေတဲ့

ခံစားမှုကို နားလည်မပေးဘဲ

ဘာလို့ စကားလုံးတွေနဲ့

ထိုးစစ် ဆင်နေရတာလဲ....

ငါအပြတ်သားဆုံးပြောမယ် ချစ်သူ

မင်းကိုချစ်ခဲ့တာ မေ့ပစ်ဖို့ မှ

မဟုတ်တာ.....

ဘာဖြစ်လာ မယ်ဆိုတာ

ကြိုမသိနိုင်တဲ့ မနက်ဖြန်တွေမှာ

မင်းနဲ့ ငါ ဝေးရမယ်လို့ ...

ဘယ်သူပြောရဲလည်း...

အေး ...ဘယ်သူမှမပြောနိုင်ကြဘူး

မဟုတ်လား.....

ငါ...ပြောရဲတယ်ချစ်သူ

သိပ်မဝေးတော့တဲ့ အချိန် မှာ

မင်းလက်ကို ဆွဲပြီး အနာဂတ်တွေကို

အတိတ်အဖြစ် ပြောင်းလဲဖို့ ငါဖြတ်ပြေးပြမယ်

ရှေ့မှာ ငါတို့ ဖြတ်သန်းရမှာ

ကန္တာရတစ်ခုပေါ့ ရေ ရှိချင်မှရှိမယ်ချစ်သူ

ဒါပေမယ့် မင်းအတွက် ငါ့ခန္ဓာကိုယ်မှာ

သွေးတွေလှည့်ပတ်စီးဆင်းနေတယ်

ဆူးခင်းလမ်းလား စိတ်မပူပါနဲ့ချစ်သူ

ငါ့ ကျောပြင်မှာ မင်းအိပ်စက်လိုက်ပါနိုင်ပါတယ်

နေဆယ်စင်း ထွက်နေပါစေဦး

ငါ့ရင်ခွင်က မင်းအတွက် ခိုလှုံရာ

ဖြစ်စေရမယ်.....

ငါထပ်ပြီးပြောလိုက်မယ် ချစ်သူ...

ငါ မင်းကို ချစ်ခဲ့တာ မေ့ပစ်ဖို့ မဟုတ်ဘူး......

နင့်အတွက်အရေးမပါခဲ့သောငါ.......

ငါနင့်အကြောင်းမတွေးချင်ဘူး

ချစ်သူ

ဘာလို့လဲဆိုတော့

နင့်ကိုမမုန်းချင်လို့ပါ

နင့်အကြောင်းကိုတွေးလိုက်တိုင်း

စိတ်အညစ်ခံစိတ်အပျက်ခံပြီး

ဘာကြောင့်တွေးနေရတာလဲ

မတွေးပဲနဲ့လဲမနေနိုင် မစဉ်းစားပဲနဲ့မနေနိုင်

ငါပဲမှားနေတာလား ရူးနေတာလား

အမြဲတမ်းလာမလားဆိုပြီးစောင့်နေခဲရတဲ့

ကိုယ်ကိုယ်ကိုတောင်ပြန်မုန်းချင်နေပြီ

ငါဘာဆက်လုပ်ရမလဲမသိပေမယ်

နင့်ကိုတော့ရူးရူးမိုက်မိုက်ချစ်နေတုန်းပဲ

ငါကိုမမြင်ရပဲနေနိုင်မတွေရပဲနေနိုင်တဲနင့်ကို

ငါလျစ်လှုရှု့ထားလိုက်ပြီ

ချစ်သူ

နင်ဘာတွေလုပ်လုပ်ဘယ်တွေသွားသွား

ခဏလေးငါကိုသတိရရင်ပဲကျေနပ်ပါတယ်

ချစ်သူ

နင့်ဘဝအတွက်ငါဟာအရေးမပါတဲလူဆိုတာ

နှောင်းမှပဲသိလိုက်ရလိုက်ပြီ

ချစ်သူ....

gtalk & gmail ကော်နရှင်မကောင်းလျှင် သုံးနိုင်သောနည်း

၁။ http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။

၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။

၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။

အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။

gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။

ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။

တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။

ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။

ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxy နဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။

ိုforward mail က ရတာပါ..သိတဲ့သူများဆက်လက်မျှဝေပေးကြပါ ကျေးဇူးတင်ပါတယ် ..........

ငါ့ရဲ့အချစ်

အလှမ်းကွာလွန်းတဲ့ နင့်နဲ့ငါ့အကြား ……..

ချစ်တယ် ဆိုတဲ့စကား ငါ မပြောရက်ခဲ့တာ။

တစ်နေရာစ်ီဝေးနေတဲ့ နင်နဲ့ငါ့အကြား ………..

လွမ်းတယ်ဆိုတဲ့စကား ငါ ပြောမထွက်ခဲ့တာ။

“မုန်းတယ်” လို့ နင်တစ်ခွန်းပြောတိုင်း

ငါ ပေါ့ပျက်ပျက်ရည်သွမ်းသွေး

ဘာကိုမှ အလေးမထားသွေးပျက်ခဲ့တာ

မရင့်ကျက်သေးဘူး” လို့ နင်တစ်ခွန်းပြောတိုင်း

ငါ ရူးမိုက်မိုက် ပုံစံနဲ့

ဘာကိုမှ ဂရုမစိုက်နောက်ဆုက်ပေးခဲ့တာ

နင်ငါ့ကို မချစ်ခဲ့ပါဘူး

ငါ့ရဲ့ နင့်အတွက် ချစ်ခြင်း

ရနံ့တစ်သင်းသင်းနဲ့

ရင်ဘတ် ပန်းတစ်ခင်းစာမက

မွှေးမြ ရှင်သန်နေခဲ့တာပါ။

နင့်ကိုငါ မလွမ်းလို့လည်း မဟုတ်ခဲ့ပါဘူး

ငါ့ရဲ့နင့်အတွက် လွမ်းခြင်း

ချည်နှောင်ခြင်း ကင်းကင်းနဲ့

ကောင်းကင်က လမင်း ပမာ

ထွန်းလင်း တောက်ပနေခဲ့တာပါ။

ငါချစ်တာကို လစ်လျှူရှူ

ငါလွမ်းတာကို နင်ဥပက္ခာပြုခဲ့တာ

တစ်စုံတစ်ရာအတွက်

နှလုံးသားကို လမ်းခင်း

ဟန်လုပ်ခြင်းတွေနဲ့ ပေါင်းသင်းခဲ့တာ

နင့်ကို မပင်ပန်းစေချင်လို့ပါ။

နားလည်ပေးလိုက်ပါတော့ ချစ်သူ

နှလုံးသွေးနဲ့ရေး ……….

ကဗျာနဲ့သာ ပေးဆပ်ခွင့်ရတဲ့ ငါ့ဘဝ

နင်နဲ့ကွာခြားလွန်းလှတာမို့

ရင်နာနာနဲ့ သာပြောလိုက်ပါရစေ

“မေ့လိုက်ပါတော့လေ”

ရင်ခွင်မဲ့တယ်ဆိုတာ

အရှုံးကိုရင်မှာပိုက်..ခေါင်းကိုအောက်သို့ စိုက်

ချစ်ခဲ့တာကိုတန်ဖိုးထား ငါရလိုက်တာရက်စက်မှုတွေတဲ့ လား..

ဟန်ဆောင်ပြီးချစ်ခဲ့  အချိန်တန်တော့ပစ်သွား

မင်းတို့ လုပ်ရပ်တွေတော်တော်ခမ်းနားတယ်ကွာ..။

မင်းပျော်ပြီမလား ငါကျေနပ်ပါတယ်..

ချစ်သူနှစ်ယောက်၏အဆင်မပြေသောအခါပြောသောစာသားများ

ငါမင်းကိုမုန်းပါဘူး.....
ဒါပေမဲ့မင်းငါ့ကိုမိုးသည်း......................
တဲ့နေ့တစ်နေ့က............
မင်းကငါ့ကိုပြောခဲ့တဲ့...........
နာကြည်းစရာစကားတွေအတွက်တော့..........
မင်းကိုငါစိတ်နာမိတယ်...
ချစ်သူ.....
ဒါပေမဲ့ငါ့ရဲ့စိတ်နာမှုက.....
မျှော့တစ်ကောင်လိုပဲ...
ချစ်သူ..
ဓါးနဲ့ခုတ်လိုက်ရင်......
ခဏနေရင်ပြန်ဆက်သွားတယ်လေ.......
ငါ့စိတ်ကလဲအဲလိုပဲ....
ခဏစိတ်ဆိုးပေမဲ့...
တော်ကြာမင်းမျက်နှာလေးကိုမြင်ရင်...
ငါ့ဒေါသတွေကဘယ်ရောက်သွားတာလဲတောင်...
ငါမသိလိုက်ဘူးနော်..
အလိုလိုနေပျောက်သွားတယ်ချစ်သူ....
မင်းမျက်နှာလေးကို
အမြဲမြင်နေရမယ်ဆိုရင်...
ကမ္ဘာမှာငါ့လောက်..
အပြုံးတွေနဲ့သူ...
ရှိမယ်တောင်မထင်မိဘူး...

င့ါခံစားချက်တွေကို...

ချစ်သူ..အဝေးကနေ
သိနိုင်ပါစေလို့ပဲငါဆုတောင်းလိုက်ပါတယ်နော်...
ချစ်သူ
မင်းနဲ့တစ်နေတော့ပြန်ပေါင်းမယ်နော်သိလား.
အဲအချိန်ကိုငါမျှော်နေမယ်နော်............

သူပြောတာ.သူငယ်ချင်းတဲ့

သူငယ်ချင်းတဲ့လား ရင်နာတယ်ဟာ

နားလည်ပေးပါ မတောင်းဆိုပါနဲ့

ဘဝဇာတ်ဆရာ အလိုကြ

မင်းရော ငါရော ကပြကြရတာပဲ

ကကွက်တွေ အချိုးပြောင်း

ငါ့အတွက်တော့ မနွဲ့နှောင်ဘူးကွယ်

ဟန်ချက်တွေမညီခဲ့ဘူး

ကကွက်တွေ မပီပြင်ဘူး

ရင်ဗလာနဲ့ ကတဲ့ဒီပွဲ

ဘယ်လိုကြည့်လို့ ကောင်းမလဲနော်

ဟန်ဆောင်ပြုံးလဲ ငါမပြုံးချင်ဘူး

ဟန်ဆောင်မုန်းလဲ ငါမမုန်းချင်ဘူး

ဟန်ဆောင်ပြီလဲ မချစ်တတ်ဘူး

ဒါပေမဲ့လေ.....

ဘဝဇာတ်ခုံပေါ်မို့ ပရိတ်သတ်အလိုကြ

ငိုပြ ရယ်ပြ ကကြရမယ်လေ

သက်မဲ့အပြုံး သက်မဲ့အမုန်းနဲ့

အချစ်တွေတော့ စစ်သွားတယ်

ဘီလူးဆိုင်းနဲ့ မကခိုင်းရက်တာ

မင်းအတွက်ပါချစ်သူ

ဒဿဂီရိ နောက်ဆုံးထွက်သက်ထိ

မယ်သီတာကိုယ်ချစ်ခဲ့သလို

ငါသည်လဲပဲ မင်းကို

အသည်းကြွေ ပျက်သုန်း

ငါရင်တွေ ကွဲနေဦးတော့

မင်းကို ငါချစ်တယ်.....

ဖေဖော်ဝါရီမှာ အထီးမကျန်ပါရစေနဲ့

သံယောဇဉ်ကို အရင်းတည်

ခိုင်မြဲအောင်

ငါချည်ထုံးခဲ့တာက

ဝေးရဖို့အတွက်

မဟုတ်ခဲ့ရပါဘူး

မေတ္တာတွေရောင်ပြန်မဟပ်မိစေဖို့

ကျိန်စာတွေကိုဆိုခဲ့လေသလား....

အမှောင်တွေများတဲ့

ငါဘ၀ထဲမှာ ပျော်ရွှင်မှုဆိုတာ ဗလာ

နားလည်မှု့ဆိုတာ နတ္ထိ နဲ့

နင့်ကိုငါငေးကြည်ချင်နေမိတယ်

ချစ်သူရယ်......

မျက်ရည်ဆိုတာ ငါငိုကြွေးဖို့

အဖြစ်သင့်ဆုံးနင်ပေးခဲ့တဲ့

လက်ဆောင်တစ်ခုလား.......

ကတိစကားတွေနဲ့အတူ

အလွမ်းတွေကိုချွေးသိပ်ဖို့

ဖေဖော်ဝါရီလမှာ ငါတော်တော်ကြိုးစားရဦးမယ်

ဖြစ်နိုင်မယ်ဆိုရင်

နာကျင်စရာ စကားလုံးတွေနဲ့သာ

ငါ့ကိုပစ်ပေါက်ခဲ့ပါ

အဲ့ဒီအလွမ်းဆိုတဲ့ အရာကြီးနဲ့တော့

တခြားချစ်သူတွေပျော်နေတဲ့

ဖေဖော်ဝါရီ မှာ အထီးကျန်စွာမထားခဲ့ပါနဲ့ ချစ်သူရယ်.....

ခဏစောင့်ပေးပါ.

မင်းဂရုမစိုက်ဘူးလို့ထင်တဲ့

ငါက..ဂရုစိုက်မှုတွေပေးချင်လို့

ခဏစောင့်ပေးပါချစ်သူ............

ကလေးဆန်တဲ့ငါက

မင်းကြိုက်တဲ့လူကြီးဆန်ဖို့ကြိုးစားနေလို့

ခဏစောင့်ပေးပါချစ်သူ.............

ငါတန်ဖိုးထားတဲ့

တို့နှစ်ယောက်ချစ်ချင်းအတွက်

ကြိုးစားမှုလေးတွေပြုချင်လို့

ခဏစောင့်ပေးပါချစ်သူ............

သိပ်ချစ်တယ်ဆိုတဲ့စကားကို

လက်ချင်းယှက်ပြီးမျက်နှာချင်းဆိုင်ပြောဖို့

ခဏစောင့်ပေးပါချစ်သူ..............

မင်းမကြိုက်တဲ့အချစ်ကဗျာတစ်ပုဒ်

မင်းအတွက်စပ်ချင်လို့

ခဏစောင့်ပေးပါချစ်သူ...............

အကြိမ်ကြိမ်ပြောခဲတဲ့

"ချစ်တယ်"ဆိုတဲ့စကားကို

ထပ်ပြောချင်လို့

ခဏစောင့်ပေးပါချစ်သူ...........

မပြည့်စုံတဲ့ဘဝကို

ထရံကာနေတုန်းမို့

ခဏစောင့်ပေးပါချစ်သူ...........

မင်းသိပြီးသားငါ့ဘဝလမ်းကို

အားတင်းလှမ်းနေတုန်းမို့

ခဏစောင့်ပေးပါချစ်သူ..............

တစ်ချိန်မှာဆိုတဲ့အတွေးနဲ့

ငါပျော်နေတုန်းမို့

ခဏစောင့်ပေးပါချစ်သူ...............

ခဏစောင့်ပေးပါ..................

ခဏစောင့်ပေးပါ..............

ခဏစောင့်ပေးပါ...................

ခဏစောင့်ပေးပါ................

အားလုံးရဲ့အဆုံးသတ်မှာ

လိုချင်တာတွေအားလုံးမရခဲ့ရင်တောင်

ရတန်သလောက်နဲ့တို့ပျော်ရွှင်စွာနေကြဖို့

ငါ့ကို

ခဏစောင့်နေပေးပါနော်.....

လွမ်းခွင့် ပြုပါ

တမ်းတခြင်းတွေနဲ့  အိပ်စက်

တွေဝေမှုတွေနဲ့  နှိုးထလို့ 

စက္ကန့် တွေရဲ့နောက်မှာ

ငါဟာကောက်ကောက်ပါအောက် လိုက်ရင်း

တိတ်ဆိတ်တဲ့ လေပြည်နဲ့ အတူ

မင်းဆီကို အရောက်လာခဲ့ ပြီ

အသိမဲ့ တဲ့  နှလုံးသား

ဘာကြောင့် အမုန်းတရားတွေ မရှိခဲ့ တာလဲ

အပြုံးတုမှန်း သိရက်နဲ့ 

ငါ လာကြောင့် ခုံမင်မိတာလဲ

ဆုံချင်တယ်လို့ လဲ မဆိုဝံ့ ဘူး

အကြိမ်ကြိမ်ရင်ခုန်ခဲ့ တာလဲ

မင်းအပြုံးတုတွေရဲ့  ခြေရာအောက်မှာပါ

မင်းတစ်ယောက်တော့ လွမ်းနေမှာလား

ငါ့ ဘက်ကတော့ ပြန်အသစ်ဖြစ်လို့ 

လွမ်းပြီးရင်း လွမ်းနေမှာပါ

ကျိန်စာသင့် တဲ့  တို့ နှလုံးသားတွေကတော့ 

ဘယ်တော့ မှ မပြီးဆုံးတော့ဘူး

တစ်ခုတော့ပြောပါရစေ

ငါ့ ကိုတော့ လွမ်းခွင့် ပြုပါလို့ ...။

မခံစားနိုင်တော့ဘူး

ဓနမွဲတဲ့ ကိုယ့်ဘ၀ထဲ

မင်းဝင်မလာရဲခဲ့တာ

မဆန်းပါဘူး

အကာကို အနှစ်ထင်

အသပြာကို အချစ်ထင်တဲ့

မင်းရဲ့နှလုံးသားကြောင့်

အရှူံးသမား တို့ဖြစ်ရတာလဲ

မဆန်းပါဘူး

ဒါပေမယ့်ကွာ

ငါ့ရင်ထဲမှာ လှပနေဆဲ

မင်းရဲ့ အပြုံးကို

ကျက်သရေတုံးတဲ့

သင်္ချိုင်းကုန်းကြီးနဲ့

တင်စားပြောဆိုသံတွေ

ငါ

မခံစားနိုင်တော့ဘူး။

လွမ်းရဲလို့..လမ်းခွဲစို့

နမ်းကြည့်ခွင့် မရရင်တောင်

မင်းတစ်ယောက်ထည်းကို

ချစ်တယ်ဆိုတာ

အကြွင်းမဲ့ယုံစေချင်တယ်

ပူပြင်းတဲ့သောကမီးတွေ

ငြိမ်းအေးဖို့ 

ချစ်ကြစို့ လို့  မဆိုချင်

ဟို ယခင်က

ငါတယောက်ထဲ

သွားလာလှုပ်ရှား

နှစ်ပါးသွားဖို့ ဆိုတာ

ဝေလာဝေး

ရှေးအတိတ်ရဲ့

ကြမ္မာရိုင်း

မုန်တိုင်းအလားထန်ခဲ့ရ

ပြောခွင့်မကြုံတဲ့

စကားလုံးတို့ 

ဆေ့ဗ်မှတ်လို့ သိမ်းထုတ်

ဇာတ်သိမ်းတပုဒ် ဖန်ဆင်း

အမှန်တင်းတင်းပြောမယ်

ဘ၀ရဲ့အစိတ်အပိုင်းတို့ 

ပျက်စီးယိုယွင်း

အိုမင်းတဲ့အထိ

ချစ်ခဲ့တာတောင်

ပထမဆုနဲ့ 

လွဲခဲ့ရသူပါ........။

ချစ်သူနှစ်ယောက်၏အဆင်မပြေသောအခါပြောသောစာသားများ

ငါမင်းကိုမုန်းပါဘူး.....
ဒါပေမဲ့မင်းငါ့ကိုမိုးသည်း......................
တဲ့နေ့တစ်နေ့က............
မင်းကငါ့ကိုပြောခဲ့တဲ့...........
နာကြည်းစရာစကားတွေအတွက်တော့..........
မင်းကိုငါစိတ်နာမိတယ်...
ချစ်သူ.....
ဒါပေမဲ့ငါ့ရဲ့စိတ်နာမှုက.....
မျှော့တစ်ကောင်လိုပဲ...
ချစ်သူ..
ဓါးနဲ့ခုတ်လိုက်ရင်......
ခဏနေရင်ပြန်ဆက်သွားတယ်လေ.......
ငါ့စိတ်ကလဲအဲလိုပဲ....
ခဏစိတ်ဆိုးပေမဲ့...
တော်ကြာမင်းမျက်နှာလေးကိုမြင်ရင်...
ငါ့ဒေါသတွေကဘယ်ရောက်သွားတာလဲတောင်...
ငါမသိလိုက်ဘူးနော်..
အလိုလိုနေပျောက်သွားတယ်ချစ်သူ....
မင်းမျက်နှာလေးကို
အမြဲမြင်နေရမယ်ဆိုရင်...
ကမ္ဘာမှာငါ့လောက်..
အပြုံးတွေနဲ့သူ...
ရှိမယ်တောင်မထင်မိဘူး...

င့ါခံစားချက်တွေကို...
ချစ်သူ..အဝေးကနေ
သိနိုင်ပါစေလို့ပဲငါဆုတောင်းလိုက်ပါတယ်နော်...
ချစ်သူ
မင်းနဲ့တစ်နေတော့ပြန်ပေါင်းမယ်နော်သိလား.
အဲအချိန်ကိုငါမျှော်နေမယ်နော်............

ချစ်သူများနှင့်အဆင်မပြေသူများ.....
ကျွန်တော့်စားသားလေးကိုဖတ်ပြီး
ဝမ်းသာနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်...
ဟဲဟဲ....ကျွန်တော်လဲချစ်သူနဲ့အမြန်ဆုံးဆုံဆည်းနိုင်ပါစေလို့.....

သူပြောတာ.သူငယ်ချင်းတဲ့

သူငယ်ချင်းတဲ့လား ရင်နာတယ်ဟာ

နားလည်ပေးပါ မတောင်းဆိုပါနဲ့

ဘဝဇာတ်ဆရာ အလိုကြ

မင်းရော ငါရော ကပြကြရတာပဲ

ကကွက်တွေ အချိုးပြောင်း

ငါ့အတွက်တော့ မနွဲ့နှောင်ဘူးကွယ်

ဟန်ချက်တွေမညီခဲ့ဘူး

ကကွက်တွေ မပီပြင်ဘူး

ရင်ဗလာနဲ့ ကတဲ့ဒီပွဲ

ဘယ်လိုကြည့်လို့ ကောင်းမလဲနော်
snownainglinoo © 2008 Template by:
SkinCorner