အရှုံးကိုရင်မှာပိုက်..ခေါင်းကိုအောက်သို့ စိုက်
ချစ်ခဲ့တာကိုတန်ဖိုးထား ငါရလိုက်တာရက်စက်မှုတွေတဲ့ လား..
ဟန်ဆောင်ပြီးချစ်ခဲ့  အချိန်တန်တော့ပစ်သွား
မင်းတို့ လုပ်ရပ်တွေတော်တော်ခမ်းနားတယ်ကွာ..။
မင်းပျော်ပြီမလား ငါကျေနပ်ပါတယ်..
ဒါပေမယ့် အသည်းဆိုတာ ၂ခါမကွဲဘူးတဲ့  ငါအဲ့ လိုထင်ခဲ့တာ
မင်းတစ်ယောက်တည်းပဲအခါ၂၀လောက်ခွဲသွားတာ..
ခုနေငါ့အသည်းကိုပြန်ငုံ့ ကြည့်မှသိရတယ်ကွာ..။
ငါ့မျက်နှာကိုသေချာကြည့်ပြီးပြောသွားလိုက် ငါ့ကိုသနားစရာကောင်လေးလို့ 
ပြုံးပြုံးကြီးနဲ့ မင်းကိုပြန်ပြောချင်လိုက်တာက
မင်းကိုငါဘယ်တော့မှမမေ့ ဘူး
မင်းပေးခဲ့ တဲ့သင်ခန်းစာတွေနဲ့ အတူမင်းကိုအမြဲအမှတ်ရနေမှာပါကွာ...။
ရင်ခွင်မဲ့တယ်ဆိုတာ မဲ့ အောင်လုပ်သွားခဲ့ တဲ့ သူရှိလို့ မဲ့ ရတာပါ..။

0 comments:
แสดงความคิดเห็น