snownainglinoo blogကိုလာလည်သူမိတ်ဆွေအားလုံးကိုလှူိက်လှဲစွားကြိုဆိုပါတယ်ခင်ဗျာ

วันอังคารที่ 28 มิถุนายน พ.ศ. 2554

File type error များအတွက် ( Windows Vista )

ဒါက XP မှာ ဖြစ်လေ့ဖြစ်ထတော့ မရှိဘူး။ Vista မှာပဲ ဖြစ်တတ်တာ။ ကျနော် ကြုံဘူးတာ နှစ်ယောက်ရှိပြီပေါ့။ ဖြစ်လိုက်တိုင်းလဲ exe ဖိုင် error ပဲ ဖြစ်တာပါ။ နှစ်ယောက်စလုံးလဲ Adobe installer တစ်ခု run မိသွားပြီးဖြစ်တာ။ တစ်ယောက်က Adobe Flash player ၊ နောက်တစ်ယောက်က Adobe Reader Install လုပ်ပြီး ဖြစ်တာပါ။ စက်ထဲ ရှိသမျှ exe ဖိုင်တွေက ပုံမှန်အတိုင်း ပွင့်မလာတော့ဘူး။ exe ဖိုင်ဆိုမှတော့ ဆော့ဝဲအားလုံးအကုန်ပဲပေါ့။ ဘာပဲဖွင့်လိုက် ဖွင့်လိုက် Windows Media Center ပဲ ပွင့်လာတယ်။ ဘာ error fix program မှ သုံးမရတော့ဘူးလေ။ task manager နဲ့ Registry Editor တောင် ဖွင့်မရတော့ဘူး။ အောက်က reg ဖိုင်လေး တစ်ခု ကို ပြန်ပြီး Double click နှိပ်ပေးလိုက်ရုံပါပဲ။ Vista မှာ ခဏခဏ ဖြစ်တတ်တာမို့တင်ပေးတာပါ။ အခု ကျနော်ပြောခဲ့တာက exe ဖိုင် ဖြစ်တာပါ။ အောက်မှာ file type အားလုံးအတွက် ပေးထားပါတယ်။ မိမိဖြစ်တဲ့ error file type ကို ရွေးပြီးဒေါင်းလိုက်။ ဇစ်ဖြည်ပြီး reg ဖိုင်လေးကို Double click နှိပ်ပေးလိုက်။ ဒါပါပဲ …. (တစ်ခြို့လူတွေအတွက် တော့ ကြိုဒေါင်းထားတာ ပိုကောင်းပါတယ်။ မိမိလိုတဲ့အချိန်မှာ ဒေါင်းမရတာတစ်ခုခုဖြစ်နေမှာစိုးလို့ပါ။ file type တစ်ခုအတွက်မှ Bytes 600 ကျော်လေးရယ်ပါ။)

0 comments:

แสดงความคิดเห็น

snownainglinoo © 2008 Template by:
SkinCorner