snownainglinoo blogကိုလာလည်သူမိတ်ဆွေအားလုံးကိုလှူိက်လှဲစွားကြိုဆိုပါတယ်ခင်ဗျာ

วันศุกร์ที่ 24 มิถุนายน พ.ศ. 2554

သူပြောတာ.သူငယ်ချင်းတဲ့

သူငယ်ချင်းတဲ့လား ရင်နာတယ်ဟာ

နားလည်ပေးပါ မတောင်းဆိုပါနဲ့


ဘဝဇာတ်ဆရာ အလိုကြ


မင်းရော ငါရော ကပြကြရတာပဲ


ကကွက်တွေ အချိုးပြောင်း


ငါ့အတွက်တော့ မနွဲ့နှောင်ဘူးကွယ်


ဟန်ချက်တွေမညီခဲ့ဘူး


ကကွက်တွေ မပီပြင်ဘူး


ရင်ဗလာနဲ့ ကတဲ့ဒီပွဲ


ဘယ်လိုကြည့်လို့ ကောင်းမလဲနော်


ဟန်ဆောင်ပြုံးလဲ ငါမပြုံးချင်ဘူး


ဟန်ဆောင်မုန်းလဲ ငါမမုန်းချင်ဘူး


ဟန်ဆောင်ပြီလဲ မချစ်တတ်ဘူး


ဒါပေမဲ့လေ.....


ဘဝဇာတ်ခုံပေါ်မို့ ပရိတ်သတ်အလိုကြ


ငိုပြ ရယ်ပြ ကကြရမယ်လေ


သက်မဲ့အပြုံး သက်မဲ့အမုန်းနဲ့


အချစ်တွေတော့ စစ်သွားတယ်


ဘီလူးဆိုင်းနဲ့ မကခိုင်းရက်တာ


မင်းအတွက်ပါချစ်သူ


ဒဿဂီရိ နောက်ဆုံးထွက်သက်ထိ


မယ်သီတာကိုယ်ချစ်ခဲ့သလို


ငါသည်လဲပဲ မင်းကို


အသည်းကြွေ ပျက်သုန်း


ငါရင်တွေ ကွဲနေဦးတော့


မင်းကို ငါချစ်တယ်.....

0 comments:

แสดงความคิดเห็น

snownainglinoo © 2008 Template by:
SkinCorner