မေ့လိုက်တော့ ဟုတ်လား.....
သတိရ လွမ်းဆွတ်နေတဲ့
ခံစားမှုကို နားလည်မပေးဘဲ
ဘာလို့ စကားလုံးတွေနဲ့
ထိုးစစ် ဆင်နေရတာလဲ....
ငါအပြတ်သားဆုံးပြောမယ် ချစ်သူ
မင်းကိုချစ်ခဲ့တာ မေ့ပစ်ဖို့ မှ
မဟုတ်တာ.....
ဘာဖြစ်လာ မယ်ဆိုတာ
ကြိုမသိနိုင်တဲ့ မနက်ဖြန်တွေမှာ
မင်းနဲ့ ငါ ဝေးရမယ်လို့ ...
ဘယ်သူပြောရဲလည်း...
အေး ...ဘယ်သူမှမပြောနိုင်ကြဘူး
မဟုတ်လား.....
ငါ...ပြောရဲတယ်ချစ်သူ
သိပ်မဝေးတော့တဲ့ အချိန် မှာ
မင်းလက်ကို ဆွဲပြီး အနာဂတ်တွေကို
အတိတ်အဖြစ် ပြောင်းလဲဖို့ ငါဖြတ်ပြေးပြမယ်
ရှေ့မှာ ငါတို့ ဖြတ်သန်းရမှာ
ကန္တာရတစ်ခုပေါ့ ရေ ရှိချင်မှရှိမယ်ချစ်သူ
ဒါပေမယ့် မင်းအတွက် ငါ့ခန္ဓာကိုယ်မှာ
သွေးတွေလှည့်ပတ်စီးဆင်းနေတယ်
ဆူးခင်းလမ်းလား စိတ်မပူပါနဲ့ချစ်သူ
ငါ့ ကျောပြင်မှာ မင်းအိပ်စက်လိုက်ပါနိုင်ပါတယ်
နေဆယ်စင်း ထွက်နေပါစေဦး
ငါ့ရင်ခွင်က မင်းအတွက် ခိုလှုံရာ
ဖြစ်စေရမယ်.....
ငါထပ်ပြီးပြောလိုက်မယ် ချစ်သူ...
0 comments:
แสดงความคิดเห็น