snownainglinoo blogကိုလာလည်သူမိတ်ဆွေအားလုံးကိုလှူိက်လှဲစွားကြိုဆိုပါတယ်ခင်ဗျာ

วันจันทร์ที่ 27 มิถุนายน พ.ศ. 2554

သင် သိသင့်သော လူတစ်ယောက်အကြောင်း

ဗိုလ်ချုပ်ကိုယ်ရေးဖိုင်
ဗိုလ်ချုပ်ပုံသဏ္ဍန်
နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်း
မှတ်တမ်းတင်ထားချက် အမှတ်(၅)
ထုတ်ပြန်သောနေ့စွဲ ၁ရက်၊ဇန်န၀ါရီလ၊၁၉၄၁ ခုနှစ်၊
အပိုင်း(၁) ဖြစ်ပါသည်။

ကျွန်တော် ခုတလောဖတ်ဖြစ်နေတဲ့ စာအုပ်က ပိတောက်ပွင့်သစ်မဂ္စဇင်း အယ်ဒီတာ မောင်စိမ်းနီ စုစည်းထုတ်ဝေတဲ့ စာရေးဆရာ ကိုအောင်ဆန်းဆိုတဲ့ စာအုပ်ပါ။
မြန်မာ့သမိုင်းမှာ ချန်ထားလို့မရတဲ့ မေ့ထားခဲ့လို့မရတဲ့ ပုဂ္စိုလ်တစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဖခင်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြည့်ပြည့်စုံစုံရေးသားစုဆောင်းထားတဲ့ ရှားပါးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။
စာပေနဲ့ မဝေးတဲ့ သူငယ်ချင်းများကတော့ သိကြမှာဖြစ်ပေမယ့် စာအုပ်နဲ့ ဝေးနေကြရတဲ့ မိတ်ဆွေများအတွက်
ကြောင်ငြာပေးရခြင်းဖြစ်ပါတယ်။သမိုင်းဝင်ဓာတ်ပုံပေါင်းများစွာ ၊ ဗိုလ်ချုပ်ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ၊ ဗိုလ်ချုပ်နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသော ပုဂ¾ိုလ်များရဲ့ ဆောင်းပါးများ ဗိုလ်ချုပ်၏ မိန့်ခွန်းများ အစုံအလင်ပါဝင်သော သမိုင်းဝင်မည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
သူငယ်ချင်းများ နှင့် နောင်လာနောက်သားများအနေဖြင့် ဗိုလ်ချုပ်အကြောင်း အသေအချာ မသိဖြစ်ရခြင်းမှ ကင်းဝေးစေလိုသော စေတနာဖြင့် ယခု ဗိုလ်ချုပ်၏ ကိုယ်ရေးအကျဉ်းကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
အဖအမည် နတ်မောက်မှ ရှေ့နေကြီး ဦးဖာ
အမိအမည် ဒေါ်စု
နေရပ် အမှတ် ၇၆၊ ရေကျော်လမ်း၊ ရန်ကုန်။
အလုပ်အကိုင် မရှိ
ပုံသဏ္ဍာန်များ
အရပ်အမြင့် ၅ ပေ ၅ လက်မ
ကိုယ်နေဟန် ပိန်သည်၊ကိုင်းသည်
ဆံပင် နက်၊ရှည်၊နောက်ဖြန်ဖြီး ဘယ်ခွဲ၊တစ်ခါတစ်ရံသာ သပ်သပ်ရပ်ရပ် ဖြီးထားသည်။
မျက်ခုံး သေးသွယ်သည်
မျက်လုံး ညိုပြီး ကျဉ်းသည်
အမြင် ကောင်းသည်
နဖူး မြင့်၊ကျုယ်၊နောက်ဘက်သို့ အနည်းငယ်ယိုင်သည်
နှာခေါင်း ဖြောင့်သည်၊နှာဝဖျားကျယ်သည်၊အတွင်းဘက်သို့နှာယောင်ကောက်သည်
ပါးစပ် စိစိပိတ်ထားသည်၊နှုတ်ခမ်းထော်သည်
သွားများ သန့်ရှင်းပြီး ပုံမှန်ဖြစ်သည်
လက်ချောင်းများ ရှည်ပြီး တွဲကျသည်
မျက်နှာ ဘဲဥပုံ မေးကျဉ်းသည်
အသားရောင် ဗမာတစ်ယောက်အတွက် မမည်း။မဖြူ၊သာမန်ဖြစ်သည်
နားရွက်များ ကြီးသည်၊ကားသည်၊နားထင်အသားများသည်
မုတ်ဆိတ် မရှိ
နှုတ်ခမ်းမွှေး မရှိ
ထူခြားချက်များ စကားပြောမြန်သည်၊ခေါင်းငုံကာ လမ်းမြန်မြန်လျောက်တတ်သည်၊
လုံချည်တိုတိုဝတ်သည်။
ဝတ်နေကျ ရိုးရိုးဗမာအ၀တ်၊တစ်ခါတစ်ရံ ဗလေဇာအင်္ကျီဝတ်သည်။
နတ်မောက်မြို့တွင် ၁၉၁၅ ခုနှစ်တွင်မွေးသည်။
၁၉၃၈ တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသသည်။တက္ကသိုလ်တွင် ဆူပူလှုပ်ရှားရာတွင် သူခေါင်းဆောင်ခဲ့သည်။၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်ကို သူစည်းရုံးခဲ့သည်။၁၉၃၆-၃၇ ခုနှစ်အတွက်
တက္ကသိုလ်သမဂ်ဂဒုတိယဥက္ကဌအဖြစ်ေ၇ွးမြောက်ခံရသည်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ်ဂအဖြစ်
လည်း ရွေးကောက်တင်မြောက်ခံရသည်။သည်တာဝန်များကို ထမ်းဆောင်နေစဉ် အင်္ဂလန်၊ဆွစ္စလန်၊နယ်သာလန်၊ဘယ်လ်ဂျီယံ၊ပြင်သစ် စသောနိုင်ငံများမှ ကျောင်သားများနှင့် အဆက်
အသွယ်ရခဲ့သည်။

သခင်အောင်ဆန်းတရား

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ မင့်သက်လှယ်ကို
အဘယ်တရား၊ဟောမည်နည်း။
ဆန်း၏သတ္တိ
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ် သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့် ပန်ဆင်တင့်သို့
မင့်သားသိစေချင်လှ၏။
သူ့အစွမ်းကား အခြားမဟုတ်
အအုပ်ချုပခံ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း ခရီးကြမ်းဝယ်
ဗန်းပြအလှ ပကာသနကို
ပြာကျလောင်မြိုက် သူမီးတိုက်၏။
ခေတ်လိုက်ခါညီ ခေတ်မီပညာ
ကြုံရာဘ၀ မုတလုံလောက်
ခံမြို့ဆောက်၏။
ထို့နောက်တဆင့် မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ သူ့အလံတည့်
ပျံတလူလူ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။
ဆရာဇော်ဂျီ
(လမ်းစဉ်သတင်း၊အတွဲ ၂ ၊အမှတ် ၁၄၊ ၁၅၊ ၇၊၁၉၆၆)

0 comments:

แสดงความคิดเห็น

snownainglinoo © 2008 Template by:
SkinCorner