snownainglinoo blogကိုလာလည်သူမိတ်ဆွေအားလုံးကိုလှူိက်လှဲစွားကြိုဆိုပါတယ်ခင်ဗျာ

วันจันทร์ที่ 27 มิถุนายน พ.ศ. 2554

ဓာတ်ပုံဖိုင်များမှ ဆိုက်ဘာ တိုက်ခိုက်ခြင်း မခံရအောင်

ကွန်ပျူတာ ဒစ်ဂျစ်တယ်ဓာတ်ပုံများဖြစ်တဲ့ JPEG (jpg) ဖိုင်ဟာ အသုံးများဆုံးဖြစ် ပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတွေမှာလည်း အထွက်ဓာတ်ပုံဖိုင်အဖြစ် JPG ဖိုင်ကိုသာ ထုတ်ပေးကြပါတယ်။ ဒါကြောင့် သတင်းဓာတ်ပုံ၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံစသည်ဖြင့် အသုံးများတာမို့ ဆိုက်ဘာချိုးဖောက်ဖို့အတွက် Hacker တွေ နှစ်ခြိုက်စရာဖြစ်လာပါတယ်။

သာမန်ကွန်ပျူတာအသုံးပြုတတ်သူတွေသာမက ကွန်ပျူတာကျွမ်းကျင်သူများအထိ ဒစ်ဂျစ်တယ်ဓာတ်ပုံဖိုင်တွေမှာ ကွန်ပျူတာ ဗိုင်းရပ်စ်ပါဝင်နိုင်တယ်ဆိုရင် ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒစ်ဂျစ်တယ်ဓာတ်ပုံဖိုင်ဟာ Executive ဖိုင်လို့ ခေါ်တဲ့ Extension (.exe, .com, .msi) စတဲ့ ဖိုင်အမျိုးအစား မဟုတ်ဘဲ Extension (.jpg) ဖိုင်အမျိုးအစားဖြစ်နေလို့ ကွန်ပျူတာမှာ ပရိုဂရမ် တစ်ခုအဖြစ် Run လို့ မရဘူးထင်နေတာပါ။

JPG ဓာတ်ပုံဖိုင်တွေကို Hex Editor တွေနဲ့ ဖွင့်ကြည့်မယ်ဆိုရင် ဖိုင်ရဲ့ အစမှာ Hex Value FFD8 နဲ့ စပြီး အဆုံးမှာ FFD9 နဲ့ ပိတ် ပါတယ်။ ဒါကြောင့် ဖိုင်ရဲ့ အဆုံးမှာ Shellcode သွတ်သွင်းပြီး GDIplus ရဲ့ ဟာကွက်ကနေ ၀င်ရောက် တိုက်ခိုက်ကြတာဖြစ်ပါတယ်။

GDIplus ဆိုတာ Graphical Device Interface လို့ခေါ်တဲ့ ကွန်ပျူတာမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ စာသားတွေကို ဖော်ပြနိုင်အောင် ပရိုဂရမ်ရေးနိုင်တဲ့ Application Programable Interface(API) တစ်ခုဖြစ်ပါတယ်။

ဝင်းဒိုး စက်လည်ပတ်မှုစနစ်သုံး ကွန်ပျူတာတွေမှာ GDIplus ပါဝင်တဲ့အပြင် Graphic နဲ့ ပတ်သက်ပြီး အသုံးများတဲ့ Adobe Photoshop စတဲ့ ဆော့ဖ်ဝဲတွေမှာလည်း ပါဝင်ပါတယ်။

GDIplus Version အမျိုးအစားမူကွဲ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ မိမိကွန်ပျူတာမှာ ချိုးဖောက်နိုင်တဲ့ GDIplus ဖိုင်တွေကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

အင်တာနက်လိပ်စာ http://isc.sans.org/gdiscan.php မှာ GDI Scan ကို လိုင်စင်အခမဲ့ ရယူနိုင်ပါတယ်။ GDI Scan Tool ဟာ ချိုးဖောက်နိုင်တဲ့ GDIplus DLL ဖိုင်တွေကို ဖော်ပြပေးနိုင်ရုံသာမက GDIplus ရဲ့ တွဲဖက်ဖိုင်တွေဖြစ်တဲ့ sxs.dll, wsxs.dll နဲ့ mso.dll ဖိုင်တွေကိုလည်း ရှာဖွေဖော်ထုတ်ပေးပါတယ်။

GDI Scan နဲ့ ရှာတဲ့အခါ ဆော့ဖ်ဝဲတစ်ခုမှာ Vulnerable Version လို့ ဖော်ပြနေရင် ဖော်ပြခံရတဲ့ ဆော့ဖ်ဝဲကို ထုတ်ပစ်ပြီး ယခု လက်ရှိထက် အဆင့်မြင့်တဲ့ Version ကို အသုံးပြုသင့်ပါတယ်။

ဒါ့ပြင် မိုက်ခရိုဆော့ဖ်ရဲ့ Security update တစ်ခုဖြစ်တဲ့ MS04-28 ကိုလည်း updateလုပ်ရမှာဖြစ်ပါတယ်။

အင်တာနက် လိပ်စာ http://www.microsoft.com/technet/security/bulletin/ms04-028.mspx မှာ ရယူနိုင်ပါတယ်။ ဒါကြောင့် မိမိကွန်ပျူတာမှာ ချိုးဖောက်နိုင်တဲ့ GDIplus ကို ရှာဖွေပြီး လိုအပ်မယ့် Security update တွေကို လုပ်သင့်ပါတယ်။

မှတ်ချက်။ ။မြန်မာတိုင်းဂျာနယ်မှကိုဖိုးဝလုံး၏ရေးသားချက်ကိုတဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

แสดงความคิดเห็น

snownainglinoo © 2008 Template by:
SkinCorner