Connection မကောင်းပါသဖြင့်
g-talk မ၀င်နိုင်ပါ
တယောက်မျက်နှာ တယောက်မမြင်ကြရဘဲ
ချစ်ခဲ့ကြတဲ့ ငါတို့ချစ်ခြင်းမှာ
မည်သည့်အရောင်မျှ ဆိုးမထားကြောင်း
ငါတို့သာ သိခဲ့ကြတယ်။
ညနေ ၄း၀၀ နာရီ
ကျောင်းဆင်းချိန်ရောက်ရင်
g-talk မှာ သူမနဲ့ စကားပြောရမှ
စိတ်ထဲမှာ နေပျော် စားပျော်
ဘာမှ မဟုတ်ပါဘူးဗျာ
အပျင်းပြေပါ
အီစီကလီလေးပါ
ဘယ်လိုဘဲပြောပြော
ရင်ထဲမှာ တကယ်ဖြစ်ခဲ့တာကို
ဒီကလူဘဲ သိတယ်
Online ပေါ်မှာ စခဲ့တာကို
Online ပေါ်မှာဘဲ အဆုံးသတ်ခဲ့ပါတဲ့
အပြောလွယ်သလောက် မေ့ဖို့ခက်တယ်
ယနေ့ . . .
Connection မကောင်းပါသဖြင့်
g-talk မ၀င်နိုင်ပါ ။ ။ နိုင်လင်းဦး
0 comments:
แสดงความคิดเห็น