snownainglinoo blogကိုလာလည်သူမိတ်ဆွေအားလုံးကိုလှူိက်လှဲစွားကြိုဆိုပါတယ်ခင်ဗျာ

วันศุกร์ที่ 24 มิถุนายน พ.ศ. 2554

ငါ့ရဲ့အချစ်

အလှမ်းကွာလွန်းတဲ့ နင့်နဲ့ငါ့အကြား ……..

ချစ်တယ် ဆိုတဲ့စကား ငါ မပြောရက်ခဲ့တာ။


တစ်နေရာစ်ီဝေးနေတဲ့ နင်နဲ့ငါ့အကြား ………..


လွမ်းတယ်ဆိုတဲ့စကား ငါ ပြောမထွက်ခဲ့တာ။


“မုန်းတယ်” လို့ နင်တစ်ခွန်းပြောတိုင်း


ငါ ပေါ့ပျက်ပျက်ရည်သွမ်းသွေး


ဘာကိုမှ အလေးမထားသွေးပျက်ခဲ့တာ


မရင့်ကျက်သေးဘူး” လို့ နင်တစ်ခွန်းပြောတိုင်း


ငါ ရူးမိုက်မိုက် ပုံစံနဲ့


ဘာကိုမှ ဂရုမစိုက်နောက်ဆုက်ပေးခဲ့တာ


နင်ငါ့ကို မချစ်ခဲ့ပါဘူး


ငါ့ရဲ့ နင့်အတွက် ချစ်ခြင်း


ရနံ့တစ်သင်းသင်းနဲ့


ရင်ဘတ် ပန်းတစ်ခင်းစာမက


မွှေးမြ ရှင်သန်နေခဲ့တာပါ။


နင့်ကိုငါ မလွမ်းလို့လည်း မဟုတ်ခဲ့ပါဘူး


ငါ့ရဲ့နင့်အတွက် လွမ်းခြင်း


ချည်နှောင်ခြင်း ကင်းကင်းနဲ့


ကောင်းကင်က လမင်း ပမာ


ထွန်းလင်း တောက်ပနေခဲ့တာပါ။


ငါချစ်တာကို လစ်လျှူရှူ


ငါလွမ်းတာကို နင်ဥပက္ခာပြုခဲ့တာ


တစ်စုံတစ်ရာအတွက်


နှလုံးသားကို လမ်းခင်း


ဟန်လုပ်ခြင်းတွေနဲ့ ပေါင်းသင်းခဲ့တာ


နင့်ကို မပင်ပန်းစေချင်လို့ပါ။


နားလည်ပေးလိုက်ပါတော့ ချစ်သူ


နှလုံးသွေးနဲ့ရေး ……….


ကဗျာနဲ့သာ ပေးဆပ်ခွင့်ရတဲ့ ငါ့ဘဝ


နင်နဲ့ကွာခြားလွန်းလှတာမို့


ရင်နာနာနဲ့ သာပြောလိုက်ပါရစေ


“မေ့လိုက်ပါတော့လေ”

1 comments:

Mi Suzanna Khin Maung กล่าวว่า...

တကယ်မေ့နိုင်လား

แสดงความคิดเห็น

snownainglinoo © 2008 Template by:
SkinCorner